Thursday, February 27, 2014

ဘ၀ကော်ဖီ



ကျနော်တို့ကိုယ်စီ..အလုပ်နဲ့ ပက်သက်တဲ့စိတ်ဖိစီးမှုတွေ ဘဝအမောတွေအကြောင်း ဆရာ့ကို ရင်ဖွင့်ကြတာပေါ့...။ ဆရာကဘာမှပြန်မပြောဘဲ..ကျနော်တို့ရင်ဖွင့်သမျှကို ခေါင်းတငြိမ့်ငြိမ့်နားထောင်နေတယ်...။ နောက်တော့ ဆရာက...

“အေးကွာ…မင်းတို့အတွက်ဆရာကော်ဖီသွားယူဦးမယ်…”

ဆိုပြီး မီးဖိုချောင်ဖက်ထွက်သွားတယ်…။ ခဏကြာတော့ ကော်ဖီအိုးတစ်အိုးနဲ့အတူ ဆရာ့ရှိ⁠ရှိသမျှ ခွက်တွေအစုံပါလာတယ်…။ ဆရာမှာ ကျနော်တို့အားလုံးအတွက် ကော်ဖီခွက်အလုံအလောက်ရှိပုံမရဘူး…။ ဒါကြောင့် သူ့ရှိတဲ့ခွက်တွေအကုန်ဆွဲလာတာ…။ ဖန်ခွက်၊ ကြွေခွက်၊ ဖိုက်ပါခွက်၊ ပလတ်စတစ်ခွက်၊ တခါသုံးစက္ကူခွက်…စုံလို့ပေါ့…။ ခွက်တွေထဲ ကော်ဖီတွေလိုက်ထည့်ပြီး ဆရာကပြောတယ်…။

“ ကဲ…ကိုယ်ဘာသာကိုယ်သာ ယူသောက်ကြပေတော့ကွာ…”

ကျနော်တို့အားလုံးလည်း ကော်ဖီခွက်တွေကို ယူလိုက်ကြတယ်..။ အားလုံးကိုယ်စီ ကော်ဖီခွက်လက်ထဲလည်းရောက်ရော ဆရာကပြောတယ်…

“ မင်းတို့ သတိထားမိကြလား… အဖိုးတန်တဲ့ခွက်တွေ ဒီဇိုင်းလှလှခွက်တွေကို မင်းတို့ယူလိုက်ကြပြီး …အဖိုးမတန်…မလှမပခွက်တွေ စားပွဲပေါ်မှာကျန်နေခဲ့တယ်… မင်းတို့အနေနဲ့တော့ ခွက်တွေထဲက အကောင်းဆုံးခွက်ကိုရွေးယူလိုက်တာဟာ သာမာန်ပဲလို့ မင်းတို့ထင်လိမ့်မယ်… တကယ်တော့ အဲ့ဒါဟာ မင်းတို့ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ ဘဝအမောတွေရဲ့  အဓိကပြဿနာပဲ… တကယ်တော့…မင်းတို့ရွေးချယ်လိုက်တဲ့ ခွက်တွေက ကော်ဖီရဲ့  အရသာကို ပိုမိုကောင်းမွန်လာအောင်မလုပ်ပေးနိုင်ပါဘူး… တကယ်တော့ မင်းတို့ လိုချင်တာ ကော်ဖီပဲမဟုတ်လား… ခွက်မဟုတ်ပါဘူး… ဒါပေမယ့် မင်းတို့က တမင်တကာကိုပဲ ခွက်ကောင်းတာကို ရွေးယူကြတယ်…ပြီးတာနဲ့ သူ့ခွက်ကဘယ်လို ငါ့ခွက်ကဘယ်လို နှိုင်းယှဉ်ကြ ပြိုင်ကြ အချင်းချင်း မနာလိုမှုတွေဖြစ်ကြတာပဲမဟုတ်လား…”

ဆရာက သူ့ခွက်ထဲက ကော်ဖီကို တစ်ကြိုက်မော့လိုက်ပြီး ဆက်ပြောတယ်…

“ အဲ့ဒီလိုပဲ ကွ… ဘဝဆိုတာက ကော်ဖီနဲ့တူတယ်… ။ မင်းတို့ရဲ့  ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေကတော့ ခွက်တွေနဲ့တူတယ်... အဲ့ဒါတွေက မင်းတို့ရဲ့ ဘဝကို ကာရံထားတဲ့ ခံထားတဲ့ ခွက်တွေပဲ… အဲ့ဒီခွက်တွေက မင်းတို့ရရှိထားတဲ့ဘဝရဲ့  အရည်အသွေး ဘဝရဲ့ တန်ဖိုးကို မပြောင်းလဲနိုင်ပါဘူး… မင်းတို့တတွေ ခွက်အချင်းချင်းယှဉ်နေသမျှ…မင်းတို့ရဲ့ သောကတွေ ဘဝအမောတွေငြိမ်းနိုင်မှာမဟုတ်ဘူး…။ ခွက်တွေကိုသာ အလေးထားနေသမျှ မင်းတို့ ဘဝဆိုတဲ့ကော်ဖီရဲ့  အရသာကိုခံစားလိုက်ရမှာမဟုတ်ဘူး...။ တကယ်တော့ မင်းတို့က ကော်ဖီကိုသာသောက်ပြီး ခွက်တွေကိုထားခဲ့ကြရမှာမဟုတ်လား...”
လို့ဆိုကာ…လက်ကျန်ကော်ဖီလေးကို တရှိုက်မက်မက်မော့လိုက်ပါတော့တယ်…။
ကျနော်တို့တတွေလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်တော့ ကိုယ်စီကိုယ်စီ ပီတိမျက်ရည်လေးတွေဝဲလို့နေတာတွေ့လိုက်ကြရတယ်…။ အားလုံးက ဆရာ့ကို ကျေးဇူးတ⁠တင် လက်အုပ်မိုးလို့ ရှိခိုးကန်တော့ခဲ့ကြပါတယ်…
ဆရာက ကျနော်တို့မပြန်ခင်ဆုံးမစကားဆိုလိုက်တယ်…


“ အပျော်ရွှင်ဆုံးလူဆိုတာ ဘဝမှာအကောင်းဆုံးတွေကိုချည်း ပိုင်ဆိုင်ထားသူတွေမဟုတ်ဘူး..ကွ… ကြုံလာသမျှကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ကြသူတွေသာဖြစ်တယ်… ဘဝကို အရိုးရှင်းဆုံးနေထိုင်ပါ… မေတ္တာစိတ်ထားပါ… မေတ္တာနဲ့ယှဉ်တဲ့စကားကိုသာပြောပါ…”

Credit : ဦးသုည … စကားလုံးဖလှယ်သည်…

No comments:

Post a Comment