နည်းပညာကမ္ဘာကို စိုးမိုးထားသည့် ကုမ္ပဏီ (၁၀) ခု
ယနေ့ခေတ်တွင် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်လာသည့် ကုမ္ပဏီအများစုသည့် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်က start-up အနေဖြင့် တည်ထောင်ခဲ့ကြသည့် ကုမ္ပဏီများဖြစ်သည်။ ၎င်းကုမ္ပဏီများသည် အင်တာနက်၏ စွမ်းအားကြောင့် အလျင်အမြန်တိုးတက်ခဲ့ကြခြင်း ဖြစ်သည်။ သာမန်စတိုးများက........
ဈေးကွက်ရှယ်ယာများ ဆုံးရှုံးနေချိန်တွင် အင်တာနက် ကုမ္ပဏီများက အိမ်တိုင်ရာရောက် ပေးပို့သည့်စနစ်များကဲ့သို့သော လွယ်ကူသက်သာစေသည့် နည်းလမ်းများကို အသုံးချလာခဲ့ကြသည်။ ထို့ကြောင့် အွန်လိုင်း ကုမ္ပဏီများသည် ကမ္ဘာ့အချမ်းသာဆုံးနှင့် အအောင်မြင်ဆုံး ကုမ္ပဏီများ အနေဖြင့် မြန်မြန်ဆန်ဆန် ရပ်တည်နိုင်ခဲ့သည်။
အဆိုပါ ကုမ္ပဏီများသည် အင်တာနက်ကို အသုံးပြုကြပြီးကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများကို software နှင့် ကွန်ပျူတာများဖြင့် ဆက်သွယ်ပေးသည်။ အချို့သော ကုမ္ပဏီများကမူ လူမှုရေးကွန်ရက်များ၊ သတင်းမီဒီယာများနှင့် အွန်လိုင်းလက်လီရောင်းချမှုများတွင် ဦးစီးဦးဆောင်ဖြစ်လာကြသည်။
အွန်လိုင်းကုမ္ပဏီများသည် ဝန်ထမ်းအနည်းငယ်သာ လိုအပ်ပြီး ဝင်ငွေကလည်း အဓိကအားဖြင့် ကြော်ငြာခြင်းမှတစ်ဆင့် ရရှိကြသည်။ ဒါကြောင့် ယနေ့ခေတ်တွင် အင်တာနက်ပေါ်၌ လွှမ်းမိုးမှု အရှိဆုံး ကုမ္ပဏီ (၁၀) ခု စာရင်းကို ဖော်ပြလိုက်ပါသည်။
10. The Huffington Post
The Huffington Post သည် နိုင်ငံရေးသတင်းများကို ဦးစားပေး ဖော်ပြသော အရည်အသွေးမြင့် သတင်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်၏ နာမည်အကျော်ကြားဆုံး နိုင်ငံရေး သတင်းဆိုက်တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပူလစ်ဇာဆုကိုလည်း ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် AOL က Huffington Post ကို ဝယ်ယူခဲ့ပြီး ၎င်းသတင်းဆိုက်ကို အသုံးပြုသူ ၃၇၅ သန်း ရှိလာသည်အထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။
9. Tumblr
Tumblr
Tumblr
Tumblrကို tumbleblogs ဟုခေါ်သည့် အတိုကော် ဖော်ပြသော blog များအတွက် အမည်ပြောင်ဖြစ်သည်။ ၎င်းဆိုက်သည် blog များနှင့် လူမှုရေးကွန်ရက်များကို လက်ခံဖော်ပြခြင်း အတွက် အာရုံစိုက် လုပ်ဆောင်ပေးသည်။ အဆိုပါ ဆိုက်မှတစ်ဆင့် သုံးစွဲသူများက ကိုယ်ပိုင် blong များဖန်တီးနိုင်သလို အခြားသူများ၏ blog များကိုလည်း follow လုပ်နိုင်သည်။ ထို့အပြင် အခြားသူများ ကြည့်ရှုနိုင်ရန် ဓာတ်ပုံများနှင့် အခြား content များကိုလည်း တင်ထားနိုင်သည်။
Tumblr ကို ဒေးဗစ်ကပ် ဆိုသူက ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Tumblr ၌ အခပေး ကြော်ငြာကို စတင် အသုံးပြုခဲ့သည်။ ဝင်ငွေများ မြင့်တက်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် Yahoo က Tumblr ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဝယ်ယူခဲ့သည်။ လက်ရှိတွင် Tumblr သည် blogger သန်းပေါင်းများစွာ အတွက် blogging platform ကို ထောက်ပံ့ပေးနေသည့် ထိပ်တန်း အင်တာနက်နှင့် လူမှုရေး ကွန်ရက်ဆိုက်တစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။
8. Amazon
ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့ အခြေစိုက် Amazon.com သည် ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လက်လီရောင်းချသည့် ဆိုက်တစ်ခုဖြစ်ပြီး ၎င်းကို အင်တာနက် စီးပွားရေးလုပ်ငန်းများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည့် ၁၉၄၄ ခုနှစ်တွင် ဂျက်ဖ်ဘီဇော့စ်က တည်ထောင်ခဲ့သည်။ အဆိုပါ လက်လီရောင်းချသည့် ဆိုက်သည် စာအုပ်များကို စတင်ရောင်းချခဲ့ပြီး စာအုပ်အမျိုးအစား ထောင်ပေါင်းများစွာကို ထောက်ပံ့ပေးခဲ့သည်။
၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် ဘီဇော့စ်က အွန်လိုင်းကုမ္ပဏီများ အနေဖြင့် သာမန်စတိုးများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြသနိုင်ခဲ့သည်။ လက်၇ှိတွင် Amazon.com တွင် စာအုပ်များနှင့် အခြားသော ထုတ်ကုန် သန်းပေါင်းများစွာကို နိုင်ငံ ရာပေါင်းများစွာသို့ ရောင်းချလျက်ရှိပြီး ဆယ်စုနှစ် နှစ်ခုအတွင်း အင်တာနက် လက်လီရောင်းချသည့် ကုမ္ပဏီကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။
7. eBay
၁၉၅၅ ခုနှစ်က ပီယာအိုမစ်ဒ်ယာ တည်ထောင်ခဲ့သည့် eBay သည် ကမ္ဘာကျော် အွန်လိုင်းလေလံဆိုက် တစ်ခုအဖြစ် အလျင်အမြန် ရပ်တည်နိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ eBay တွင် လေလံပြုလုပ်မှု အရေအတွက် ၂ သိန်းမှ ၂ သန်းအထိ မြင့်တက်လာခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲခဲ့သည့် ပီယာအိုမစ်ဒ်ယာသည် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့သည်။
ယခုအခါတွင် eBay ၌ မှတ်ပုံတင်ပြီး အသုံးပြုသူ သန်းပေါင်းများစွာရှိပြီး ဝန်ထမ်းအရေအတွက် ၁၅,၀၀၀ ရှိသည်။ နှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံဖြစ်သည်။
6. Twitter
၂၀၀၆ ခုနှစ်တွင် လူငါးဦးက ပူးတွဲတည်ထောင်ခဲ့သည့် Twitter သည် လူမှုရေးကွန်ရက်ဆိုက်တစ်ခု အနေဖြင့်သာမက search engine တစ်ခု အနေဖြင့်ပါ ကမ္ဘာ့ကျော်ခဲ့သည်။ လည်ပတ်အသုံးပြုမှု အများဆုံး webpage ၁၀ ခုစာရင်းတွင် ပါဝင်ခဲ့သည့် Twitter တွင် သုံးစွဲသူများသည် တစ်နေ့လျှင် Tweet သန်း ၃၄၀ ပေးပို့ကြသည်ဟု ဆိုသည်။ မှတ်ပုံတင်ပြီး အသုံးပြုသူ အရေအတွက်မှာ သန်း ၅၀၀ ကျော်ရှိသည်။ ဝင်ငွေအနေဖြင့် ကုမ္ပဏီများက ၎င်းတို့၏ tweet များကို Twitter search engine တွင် result အနေဖြင့် ထည့်သွင်းခြင်းဖြင့် ရရှိသည်။
Twitter သည် အများပြည်သူတို့၏ tweet များနှင့် အချက်အလက်များကို ကြော်ငြာကုမ္ပဏီများထံ ရောင်းချသော data mining ကုမ္ပဏီများထံ ရောင်းချခြင်းဖြင့်လည်း ဝင်ငွေရရှိသည်။ Tweet တစ်ခုလျှင် စာလုံးရေ ၁၄၀ ခန့်သာ ရေးနိုင်ရန် ကန့်သတ်ထားသော်လည်း message များကို အတိုချုပ်ရေးသားကာ အသုံးပြုနိုင်သည့် Twitter တွင် တစ်နေ့လျှင် tweet သန်းပေါင်းများစွာ ပေးပို့နေဆဲဖြစ်သည်။
5. Facebook
၂၀၀၄ ခုနှစ်တွင် မာ့ခ်ဇက်ကာဘက်ခ် တည်ထောင်ခဲ့သည့် Facebook သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်ဆိုက် တစ်ခုအနေဖြင့် အလျင်အမြန် ရပ်တည်ခဲ့သည်။ ၎င်းသည် သုံးစွဲသူ ၁ ဘီလီယံကျော်ကို ဆွဲဆောင်နိုင်ခဲ့သလို ကမ္ဘာတစ်ဝန်းမှ အသိအမှတ်ပြုခြင်းကိုလည်း ရရှိခဲသည်။ Facebook သည် ကြော်ငြာဝင်ငွေမှ တစ်နှစ်လျှင် အမြတ်ငွေ ၁.၅ ဘီလီယံနီးပါး ရရှိနေသည်။ ထို့အပြင် Facebook သည် ကုမ္ပဏီများ အတွက် နာမည်ကျော် platform တစ်ခု အဖြစ်ရပ်တည်နေသလို နာမည်ကျော်ကြားသူများက ၎င်းတို့၏ ပရိသတ်များနှင့် ဆက်သွယ်ရာတွင် အသုံးပြုသည့် platform အနေဖြင့်လည်း ရပ်တည်လျက်ရှိသည်။
4. Yahoo
၁၉၉၄ ခုနှစ်တွင် ဂျယ်ရီယန်းနှင့် ဒေးဗစ်ဖီလိုတို့က တည်ထောင်ခဲ့သည့် Yahoo သည် Google ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်နိုင်သည့် ကုမ္ပဏီအဖြစ် အလျင်အမြန် ရပ်တည်နိုင်ခဲ့သလို Google ၏ အမေရိကန်တွင် လည်ပတ်အသုံးပြုမှု အများဆုံး စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။ ၎င်းသည် ၂၀၁၁ ခုနှစ်က ကြော်ငြာရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် Facebook မတိုင်မီ အမေရိကန်၏ ကြော်ငြာရှယ်ယာ အများဆုံး ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့သည်။ Yahoo သည် search engine တစ်ခု အနေဖြင့်သာမက သတင်းများ၊ ဘဏ္ဍာရေး အချက်အလက်များနှင့် အွန်လိုင်းဂိမ်းများကိုလည်း ထောက်ပံ့ပေးထားသည်။
Google အမှုဆောင်ချုပ်ဟောင်း ဖြစ်သူ မာရီဆာမေယာက Yahoo ၏ အကြီးအကဲ ဖြစ်လာသည့်အခါ ထိပ်တန်း ဝက်ဘ်အသုံးပြုမှုအများဆုံး စာရင်းတွင် ပြန်လည် ရပ်တည်နိုင်ခဲ့သည်။ Yahoo သည် ဝင်ငွေများကို ကြော်ငြာမှ ရရှိပြီး ၎င်းကို အသုံးသူဦးရေမှာ တစ်လလျှင် သန်း ၇၀၀ ခန့်ရှိသည်။
3. Google
၁၉၉၈ ခုနှစ်တွင် လယ်ရိပေ့ခ်ျနှင့် ဆာဂျီဘရင်းမ်တို့က တစ်ဦးပိုင် ကုမ္ပဏီအနေဖြင့် တည်ထောင်ခဲ့သည့် Google သည် ကမ္ဘာ့ပေါ်တွင် လည်ပတ်အသုံးပြုသူ အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာခဲ့ပြီး တစ်နေ့လျှင် ရှာဖွေမှုရလဒ် တောင်းဆိုမှုပေါင်း ၁ ဘီလီယံကျော်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
Google သည် ကြော်ငြာများကို နှိပ်ခြင်းဖြင့် အခကြေးငွေရရှိသည့် ကုမ္ပဏီများ၏ search keyword များကို ရှာဖွေခြင်းဖြင့် အမြတ်ငွေ ရရှိသည်။ Google သည် မူပိုင်ခွင့်ပြုလုပ်ထားသည့် PageRank စနစ်ဟူသော ရှာဖွေမှုရလဒ် တန်ဖိုးကို အဆင့်သတ်မှတ်ပေးသည့် ကိုယ်ပိုင်စနစ်တစ်ခုကို ပိုင်ဆိုင်သည်။
2. Apple
၁၉၇၆ ခုနှစ်တွင် စတိဗ်ဂျော့ဘ်၊ စတိဗ်ဝေါ့ဇနိယက်ခ်နှင့် ရော်နယ်ဝိန်းတို့က တည်ထောင်ခဲ့သည့် Apple ကုမ္ပဏီသည် တစ်ကိုယ်ရေသုံး ကွန်ပျူတာများအတွက် ရင်းနှီးမြှုပ်နှံခဲ့သော်လည်း iPhone, iPod နှင့် iPad များကို ရောင်းချခဲ့သည်။ ၂၀၀၀ ခုနှစ်ဝန်းကျင်တွင် Apple ၏ အမြတ်ငွေသည် အလွန်မြင့်တက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်လည်း ရှယ်ယာတန်ဖိုး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ Apple သည် ၂၀၁၂ ခုနှစ်တွင် ၁၉၉၀ ခုနှစ်ဝန်းကျင်က ဈေးကွက်ကို ကြီးစိုးခဲ့သည့် Microsoft ကို ကျော်တက်နိုင်ခဲ့သည်။
1. Microsoft
၁၉၇၆ ခုနှစ်က ဘီလ်ဂိတ်စ်နှင့် ပေါလ်အလန်တို့ တည်ထောင်ခဲ့သည့် Microsoft သည် ဆယ်စုနှစ် အနည်းငယ်အတွင်း လွှမ်းမိုးမှုအရှိဆုံး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Microsoft သည် နာမည်ကျော် software နှင့် ကွန်ပျုူ တာကု မ္ပဏီအဖြစ် အလျင်အမြန် တိုးတက်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီစာရင်းတွင် အဆင့် ၈ ၌ ရပ်တည်နိုင်ခဲ့သည်။ Microsoft သည် ကွန်ပျူတာ operating system ရောင်းချခြင်း၊ အရည်အသွေးမြင့် software ရောင်းချခြင်း၊ Xbox One, Xbox 360 ဗီဒီယိုဂိမ်းစက်များ ရောင်းချခြင်းဖြင့် နည်းပညာကမ္ဘာ့ကို ကြီးစိုးလျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ဘီလ်ဂိတ်စ်သည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ခဲ့ပြီး ၎င်း၏ အချိန်နှင့် ငွေကြေးများကို Bill and Melinda Gates ဖောင်ဒေးရှင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။
Ref: TheRichest
-
myanmarinternetjournal မှကူးယူဖော်ပြပါသည်။
ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်
No comments:
Post a Comment