အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။
အချိန်အားတိုင်း
အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ
သူလိုအပ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း
သူ့ကိုချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ
အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ့်သူ့ကိုချစ်တယ်ဆိုတာ
ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးလုပ်ပေးပါ။ ကော်ဖီအတူတူ
သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို
အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။
အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။
ကိုယ်က
အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ
ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။
မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း
သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည၁၀နာရီနောက်ဆုံး
ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။
မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက
လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင်
သွန်သင်ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။
စကားပြော ဆင်ခြင်ပါ။
အမေကလည်း
ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက
အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့်
စကားမျိုးမပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း
အမေ့ရဲ့ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။
အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါ။
အီလက်ထရောနစ်ပစ္စည်းတွေနဲ့
ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ
အိမ်မှာပဲနေရတဲ့အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို
ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ်ဆိုတာမျိုး
သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည်သင်ပေးပါ။
ပွင့်ပွင့်လင်းလင်း ပြောပါ။
အမေက
အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ
ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။
ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။
အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။
တစ်ပတ်မှာတစ်ခါ၊
ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ
ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊
အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက်
အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။
ဂရုစိုက်စောင့်ရှောက်ပါ။
အမေဆိုတာ
သားသမီးတွေအတွက် ၂၄နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို
အဆင်သင့်ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။
သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊
အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ
အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။
အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။
သူနားမလည်ပဲ
ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။
အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကိုဟာသလုပ်တာမျိုးက
ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ
ပြောဆိုတာမျိုးဆိုရင်တော့ သူစိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။
Credit: မေသော်
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_8873.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_8873.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_8873.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_8873.html
No comments:
Post a Comment