Pages

Monday, July 28, 2014

တစ်နေ့........တစ်လှမ်း


 ခရုငယ်က သူနှေးကွေးတယ်ဆိုတာကို သူကိုယ်တိုင်မယုံခဲ့ဘူး
ဖြည်းဖြည်းချင်းနဲ့ သူ့ဦးတည်ရာဖက် မှန်မှန်လှမ်းလိုက်တာ
နောက်ဆုံးမှာ ပန်းတိုင်ဆီ အရောက်သွားနိုင်ခဲ့တယ်
ရေက သူပျော့ပျောင်းတယ်ဆိုတာကို သူကိုယ်တိုင်မယုံခဲ့ဘူး
ဖြည်းဖြည်းချင်း ရက်မှလ၊ လမှနှစ်နဲ့ အစက်ချလိုက်တာ
နောက်ဆုံးမှာ ကျောက်တုံးကိုတောင် ဖောက်သွားနိုင်ခဲ့တယ်။
ပိုးတုံးလုံးက သူ့အခွံမာတယ်ဆိုတာကို သူကိုယ်တိုင်မယုံခဲ့ဘူး
တစ်နေ့ကို နည်းနည်းချင်းကြိုးစားလိုက်တာ ... နောက်ဆုံးမှာ အခွံကိုဖောက်ထွက်ပြီး တဖန်ရှင်သန်တဲ့အလင်းကို ရခဲ့တယ်။
ဘဝမှာလည်း ကောင်းမွန်တဲ့စတင်ခြင်းနဲ့ သင်စတင်ချင်မှ စတင်နိုင်ခဲ့မယ်
ဒါပေမယ့်..... တစ်နေ့တစ်လှမ်းချင်း၊ တစ်နေ့ကို ..........နည်းနည်းချင်းစီကြိုးစား
လိုက်ရင်နောက်ဆုံးမှာ အောင်မြင်မှုကို သင်ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။






No comments:

Post a Comment