ခဏတာဘဝ
====================
ကာရန်တွေ နဘေတွေနှင့်
လိုက်ကာတွေ ခန်းဆီးတွေက
ပန်းအိုးမှာ ပန်းပွင့်များစွာ
မွှေးရနံ့က ထုံးသင်းလို့
ကျေးငှက်နှင့် လေညင်းက
တည်ငြိမ်စွာ ဆီးလို့ကြို…။
အပြင်အဆင်က မထူးစမ်းပါ
တစ်ချို့ကတော့ ကနေဆဲ
တစ်ချို့ကတော့ ကရန်ရွယ်
ကိုယ့်ဇာတ်ကို နိုင်အောင်ကလို့
လွမ်းခန်းမှာ လွမ်း
ကြမ်းခန်းမှာ ကြမ်းနှင့်
ဇာတ်လမ်းတွဲမှာ ပျော်ကြတယ်…။
ရည်မှန်းချက်တွေကြီးကြီးထား
မရတာတွေ သိပ်ကိုများ
မျက်လုံးတွေက သိမ်ငယ်လို့
ခြောက်သွေ့တဲ့ နှုတ်ခမ်းအစုံနှင့်
သားကောင်တွေရဲ့ အဖြစ်တွေက
မုဆိုးလက်အောက်မှာ ပါလား…။
လိုက်ကာတွေ ခန်းဆီးတွေက
ပန်းအိုးမှာ ပန်းပွင့်များစွာ
မွှေးရနံ့က ထုံးသင်းလို့
ကျေးငှက်နှင့် လေညင်းက
တည်ငြိမ်စွာ ဆီးလို့ကြို…။
အပြင်အဆင်က မထူးစမ်းပါ
တစ်ချို့ကတော့ ကနေဆဲ
တစ်ချို့ကတော့ ကရန်ရွယ်
ကိုယ့်ဇာတ်ကို နိုင်အောင်ကလို့
လွမ်းခန်းမှာ လွမ်း
ကြမ်းခန်းမှာ ကြမ်းနှင့်
ဇာတ်လမ်းတွဲမှာ ပျော်ကြတယ်…။
ရည်မှန်းချက်တွေကြီးကြီးထား
မရတာတွေ သိပ်ကိုများ
မျက်လုံးတွေက သိမ်ငယ်လို့
ခြောက်သွေ့တဲ့ နှုတ်ခမ်းအစုံနှင့်
သားကောင်တွေရဲ့ အဖြစ်တွေက
မုဆိုးလက်အောက်မှာ ပါလား…။
Credit: unknow
No comments:
Post a Comment