Wednesday, August 27, 2014

CCIE Preparation Mentoring Program (CPMP)




BIM ၏ CCIE Preparation Mentoring Program (CPMP) သည် Mentoring နှင့် Self-Study ကို ထိထိမိမိ အချိုးကျ စွာ ပေါင်းစပ်ထားသော Training စနစ်တစ်ခုဖြစ်ပြီး INE နှင့် Ciscopress မှ ကမ္ဘာစံချိန်မှီ Study Material များကိုအသုံးပြုထားပါသည်။ CPMP ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အရည်အသွေးမြင့် မြန်မာ Network ပညာရှင်များ မွေးထုတ်ပေးရန် ဖြစ်ပါသည်။
CPMP သည် CCIE Exam အတွက် ပြင်ဆင်နေသူများ အတွက် အဓိကရည်ရွယ်ထားပါသည်။ Program အစတွင် လိုအပ်သော Study Materials များကို ပေးလိုက်ပြီးနောက် Mentor မှ အပတ်စဉ် Study Assignment များကို သတ်မှတ်ပေးမည်ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ အလုပ်နားရက်များတွင် Face-to-Face Mentoring အစီအစဉ် များကိုပြုလုပ်ပြီး အပတ်စဉ် Study Assignment မှ မရှင်းလင်းသော အကြောင်းအရာများကို ရှင်းလင်းခြင်း ၊ ပြန်လည်ဆန်းစစ်ခြင်း နှင့် အဆင့်မြင့် ခေါင်းစဉ်များ ကို အဖွဲ့လိုက် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ပါဝင်တက်ရောက်သူများ အမှန်တကယ်အကျိုးရှိစေရန်အတွက် အတန်းတခု တွင် ပါဝင်သူ ၅ ဦးသာသတ်မှတ်ထားပြီး ပါဝင်သူတစ်ဦးခြင်းစီ၏ တိုးတက်မှု ကို အတွေးအကြုံရှိ Myanmar CCIE Mentor & Facilitator များမှ စောင့်ကြည့်စစ်ဆေးကာ လမ်းညွှန်ပေးမည် ဖြစ်ပါသည်
CPMP သည် CCIE Blueprint တွင် ပါဝင်သည့် Network Technology များနှင့် Protocol တခုချင်းစီ၏ အသေးစိတ်များကို အဓိကထား၍ ဆွေးနွေးညွန်ပြပါမည်။ ထို့အပြင် Industry အမျိုးစုံတွင် ထို Technology များနှင့် Protocol များ တစ်ခုနှင့်တစ်ခု ဘယ်လို အထောက်အကူပြု၍ ချိတ်ဆက်အသုံးပြုနေသည် ဆိုသည့် အယူအဆကိုပါ  ခြုံငုံပြီး ဆွေးနွေးညွန်ပြပေးသွားမည် ဖြစ်ပါသည်

CPMP မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • စာတွေ့သာမက လုပ်ငန်းခွင်သုံး လက်တွေ့များတွင်ပါ Expert Level အထိ ကျွမ်းကျင်ပိုင်နိုင်လာခြင်း
  • Networking Technology များ၏ သဘောတရား နှင့် အသေးစိတ်များကို များကို ရှင်းရှင်းလင်းလင်း နားလည်လာနိုင်ခြင်း
  • မိမိကိုယ်ကို ယုံကြည်မှုတိုးလာခြင်း
  • လုပ်ငန်းခွင်တွင် ရာထူး။ လစာတိုးတက်နိုင်ရန်အခွင့်အရေးများလာခြင်း
  • လက်ရှိ လုပ်ငန်းခွင်၌လည်း စံပြ Network Engineer တယောက်ဖြစ်လာနိုင်ခြင်း
  • တကယ်တက်သိနားလည်ပြီး မိမိကိုယ်ကိုယုံကြည်မှု အပြည့်ရှိလာသောကြောင့် လုပ်ဖော်ကိုင်ဖက်များ ၊ Customer များ၏ လေစားယုံကြည်မှုရလာနိုင်ခြင်း
  • မိမိရည်မှန်းထားသော အမှန်တကယ်လုပ်ချင်သော လုပ်ငန်းခွင်နယ်ပယ် (Dream job) တွင် အလွယ်တကူအလုပ်ရှာနိုင်ခြင်း
  • Network Engineer တိုင်းရည်မှန်းသော CCIE #xxxxx တယောက်ဖြစ်လာနိုင်ခြင်း
ဤအစီအစဉ်နှင့်ပတ်သက်ပြီး မေးလေ့မေးထရှိသော မေးခွန်းများနှင့် အဖြေများကို အောက်တွင်ဖော်ပြထားပါသည်။
အခြားမေးခွန်း များရှိပါက ဤနေရာတွင် သို့မဟုတ် Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
.

Frequently Asked Questions (FAQs)

ကိုယ်တိုင် လေ့လာနိုင်လျက်နှင့် ဘာကြောင့် Mentor လိုအပ်သလဲ?
CCIE Exam အတွက်ပြင်ဆင်ရာတွင် Blueprint တွင်ပါရှိသော အကြောင်းအရာအားလုံးကို လိုက်၍လေ့လာရသည်မှာ အလွန်ပင် အချိန်ကုန်ပင်ပန်းပြီး ၊ အားလျော့စိတ်ပျက် ဖွယ်ရာ ဖြစ်လာတတ်ပါသည်။ အခမဲ့ ရရှိနိုင်သော Study Material အမျိုးစုံ ၊ များစွာရှိသည့် အတွက်ကြောင့်လဲ အကြောင်းအရာ အချို့ကို လေ့လာရုံနှင့် ပင်ပန်းအရှိန်လျှော့သွားတတ်ပါသေးသည်။ အချို့ အကြောင်းအရာများဖြစ်သော BGP, MPLS VPN, Multicast, QoS အစရှိသည်များကို လေ့လာရာတွင်လဲ နားလည်ရခက်ခဲပြီး အလွန်အမင်းအချိန်ကုန်ကာ နှောင့်နှေးကြန့်ကြာတတ်ပါသည်။ ထိုအခက်အခဲများကို  အချိန်တိုအတွင်း ဖြတ်ကျော်နိုင်၍ နည်းပညာ သဘောတရား များကို လွယ်ကူစွာ လေ့လာနိုင်ပြီး ၊ Lab Exam အတွက် လက်တွေ့လေ့ကျင့်မှုကို အာရုံစိုက် ပြူလုပ်နိုင်စေရန် Mentor က အသင့်တော်ဆုံး Study Material များ နှင့် နည်းစနစ်များကို အသုံးပြူ၍ လမ်းညွှန် ပေးနိုင်ပါသည်။
မည်သူများ ဤအစီအစဉ်တွင် ပါဝင်သင့်သလဲ?
  • CCIE တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ရည်ရွယ်ထားသော်လည်း မြောက်များလှစွာသော Training Material များအောက်တွင် ဝန်ပိ ခရီးမတွင် ဖြစ်နေသူများ
  • သင်ယူရန် ရည်ရွယ်ဆုံးဖြတ်ထားသောလည်း အလုပ်တစ်ဖက်နှင့် ရှည်ကြာသော သင်တန်းများကို မတက်ရောက်နိုင်သူများ
  • ကြိုးစားအားထုတ်ရန် ဆုံးဖြတ်ထားသော်လည်း အလွန်လျှင်မြန်သော Bootcamp များကို မတက်ရောက်လိုသူများ
  • ကိုယ်တိုင်လေ့လာသင်ယူရန် စိတ်အားထက်သန်ပြီး အတွေ့အကြုံရှိ မြန်မာ CCIE များ၏ အကူအညီ ဖြင့် မြန်ဆန်စွာ တတ်ကျွမ်းလိုသူများ
ဤ Program ကိုတတ်ရောက်လိုက်ရုံ နှင့် CCIE တစ်ယောက် ဖြစ်သွားနိုင်ပါသလား?
မဖြစ်နိုင်ပါ။
CCIE အဆင့် Network Engineer တစ်ယောက်ဖြစ်ဖို့အတွက် ဖြတ်လမ်းမရှိပါ။ သို့ပေမဲ့ BIM ၏ CPMP သည် ကြားရက်များတွင် Self-Study ကိုအားပေးပြီး  စနေ၊ တနင်္ဂနွေ အလုပ်နားရက်များတွင် Face-to-Face Mentoring အစီအစဉ်ဖြင့် ပြန်လည်ဆန်းစစ်ခြင်း နှင့် အဆင့်မြင့် ခေါင်းစဉ်များ ကို အဖွဲ့လိုက် ဆွေးနွေးမှုများ ပြုလုပ် သောစနစ်ဖြစ်ပါသည်။  အပတ်စဉ် Study Assignment များကိုပုံမှန် ပြီးဆုံးအောင်လုပ်ပြီး စနေ၊ တနင်္ဂနွေ အစီအစဉ်များကို တတ်ရောက်ပါက Program အပြီးတွင် သင်သည် CCIE တစ်ရောက် သိသင့်သိထိုက်သော အကြောင်းအရာများအားလုံးကို တတ်မြောက်ရုံ သာမက Lab Exam အတွက်ပါ ပြင်ဆင်ပြီးသား ဖြစ်နေပါလိမ့်မည်။
Remember “If one can do it, everyone can”
ဒီအစီအစဉ်တစ်ခုကို ဘယ်လောက်ကြာမှာလဲ?
Mentor ၏အကူအညီဖြင့် ပုံမှန် လေ့လာသွားပါက ဤ ၆လ အစီအစဉ်အပြီးတွင် CCIE Blueprint ၏ ကျယ် ပြန့်သော အကြောင်းအရာများကို နားလည်တတ်မြောက် သွားပါမည်။
ဘာကြောင့် INE မှ Study Material တွေကို သုံးရသလဲ?
“Never Reinvent The Wheel”
BIM မှ Mentor များသည် မိမိကိုယ်တိုင် စတင်တီထွင်ခြင်းထက် Mentoring နှင့် ရှိပြီးသား  Networking နယ်ပယ်တွင် အထက်မြက်ဆုံး စာရင်းဝင်သူများကိုတိုင် ထုတ်လုပ်ထားသော Study Material များကို ပေါင်းစပ်ခြင်းက ပိုမိုအကြိုးရှိမည်ဟု ယုံကြည်သောကြောင့် INE ကိုရွေးချယ် အသုံးပြုထားခြင်း ဖြစ်ပါသည်။ INE သည် ၂၀၀၃ ခုနှစ်မှစတင်ခဲ့ပြီး Cisco Certification များအတွက် အကောင်းဆုံးဟု သတ်မှတ်နိုင်သော Study Material များနှင့် Training များကို ပြုလုပ်ပေးနေသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။
ဘာကြောင့် ပုံမှန် စာသင်ခန်း သင်ကြားမှု ပုံစံ မဟုတ်တာလဲ?
ပုံမှန် စာသင်ခန်း သင်ကြားမှု ပုံစံ များသည် CCIE Blueprint ကိုခြုံငုံမိစေရန် အချိန်အလွန်ယူရပါလိမ့်မည်။ ထို့အပြင် အလုပ်လုပ်နေသော Professional တစ်ယောက်အနေဖြင့် နာရီပေါင်းများစွာကြာသော အတန်းချိန် ကိုတက်ရောက်ရွေ့ အာရုံစူးစိုက် နိုင်ဖို့မဖြစ်နိုင်ပါ။ အစီအစဉ်မှ လူအများအားသော အချိန်ကို ညှိနှိုင်းဖို့လဲအလွန်ပင် ခက်ခဲပါလိမ့်မည်။ BIM ၏ CPMP သည် Flexible ဖြစ်သော စနစ်တစ်ခုဖြစ်သောကြောင့် CCIE Exam အတွက်ပြင်ဆင်နေသူ အားလုံးနှင့်သင့်တော်ပါသည်။
ဘာကြောင့် Bootcamp  ပုံစံ မဟုတ်တာလဲ?
Bootcamp များသည် အလွန်တိုတောင်း၍ မြန်ဆန်သော သင်ကြားမှုစနစ်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်လည်း သင်ယူမှုနှုန်းခြင်း မတူညီတတ်ကျပါ။ ထို့အတွက် Bootcamp များသည် Lab Exam မတိုင်မှီ ရက်အနဲငယ်အလို နောက်ဆုံးအနေဖြင့် ပြင်ဆင်နေသူများအတွက်သာပို၍ သင့်တော်သည်။
INE Study Material တွေကို အခမဲ့ Download ရယူနိုင်လျက်နဲ့ ဘာကြောင့် ဝယ်ယူအသုံးပြုရတာလဲ?
“Pirating is good until your work gets pirated”
BIM မှ Mentor များသည် သူတပါး၏ အချိန်နှင့် လုပ်အားကို အသိအမှတ်ပြု တန်ဖိုးထား သင့်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် သဘောတူထားသော Discount ဈေးနှုန်း ဖြင့်ဖြစ်စေ ဝယ်ယူပြီးမှ အသုံးပြုပါသည်။ Program အစတွင် လိုအပ်သော Video များ ၊ Workbook များ နှင့် Online Rack Rental Token များကို ပါဝင်တက်ယောက်သူများ တစ်ဦးခြင်း၏ INE Account ထဲသို့ ထည့်သွင်းပေးမည် ဖြစ်ပါသည်။ ထို Videos, Workbooks နှင့် Rack Rental Token များသည် BIM နှင့်မသက်ဆိုင်ပဲ ပါဝင်တက်ရောက်သူများတစ်ဦးချင်း အနေဖြင့် ထာဝရ ပိုင်ဆိုင်သွားမည်ဖြစ်ပြီး Version Change သွားလျင်လည်း အလိုလျှောက် Update များကို ရရှိမည်ဖြစ်ပါသည်။
GNS ကိုအသုံးပြု၍ Simulate လုပ်နိုင်လျက် ၊ ဘာ့ကြောင့် Online Rack Rental ကိုအသုံးပြုသင့်တာလဲ?
သင်၏အလုပ်ချိန် ၊ သွားလာချိန် ၊ လူမှုရေး ၊ မိသားစု ကိစ္စ များအားလုံးပြီးမှ သင်၏ အားလပ်ချိန် ထဲမှ အချို့တစ်ဝက်ကို လေ့လာချိန်အဖြစ် သတ်မှတ်နိုင်ပါသည်။ GNS တွင် Topology ကို Setup လုပ်ရခြင်းများ၊ Initial Configuration လုပ်ရခြင်းများသည်လည်း အချိန်အလွန်ကုန် နိုင်စေတတ်ပါသည်။ GNS သည် အချို့သော Technology များအတွက် Limitation ရှိနေသေးပြီး CCIE အတွက် လိုအပ်သော လေ့ကျင့်မှုအားလုံးကို ပြုလုပ်ရန် ခက်ခဲနေပါသေးသည်။ INE ၏ Rack Rental များသည် သူ၏ Workbook များနှင့် Topology ကိုက်ညီအောင်ပြုလုပ်ထားပြီး Initial Configuration ကိုလည်း Mouse Click တစ်ချက်နှိတ်ရုံဖြင့် ပြီးမြောက်စေပါသည်။  အလုပ်လုပ်နေသော Professional တစ်ယောက်အနေဖြင့် အားလပ်ချိန် အနည်းငယ်ကို အထိရောက်ဆုံး နှင့် အမြန်ဆုံး အသုံးချနိုင်စေရန် Online Rack Rental ကိုအသုံးပြူသင့်ပါသည်။
အစီအစဉ် တွင်ပါဝင်သူများသည် တစ်ပတ်ကို ဘယ်လောက် လေ့လာမှုပြုလုပ်ရမလဲ?
အပတ်စဉ် Study Assignment သည် တစ်ဦးချင်းစီ၏ သင်ယူနိုင်မှုပေါ်မူတည်၍ အချိန် ၇ နာရီမှ ၁၀ နာရီအထိ (နေ့စဉ် ၁ – ၂ နာရီ) ယူနိုင်ပါသည်။ BIM ၏ CPMP သည် Self-Study နှင့် Mentoring ကိုအသုံးပြုထားပြီး Flexible ဖြစ်သောကြောင့် အလုပ်လုပ်နေသူများအတွက် နေ့ညမရွေး အားလပ်ချိန်တိုင်းတွင် လေ့လာနိုင်ပါသည်။
Self Study လုပ်နေစဉ်အချိန်မှာ အခက်အခဲ ရှိပါက ဘယ်လိုလုပ်မလဲ?
သင်သည် Study Assignment ကိုပြီးစီးအောင် ကြိုးစားအားထုတ်သင့်ပြီး Face-to-Face Mentoring အချိန်တွင် မရှင်းလင်းသည်များကို အခြားတက်ရောက်သူ များနှင့်အတူ Mentor ဖြင့် ဆွေးနွေးရန် အကြံပြုပါသည်။ သို့ပေမဲ့ ရှင်းလင်းမှုကို အရေးတကြီးလိုအပ်ပါက Mentor နှင့်  Facilitors များကို Mailing List ၊ Facebook Page တို့မှတဆင့် လွယ်ကူစွာ ဆက်သွယ်နိုင်ပါသည်။
တစ်ပတ်စာ Study Assignment မပြီးလျင် ဘယ်လိုလုပ်မလဲ?
ပါဝင်တက်ရောက်သူများသည် တစ်ပတ်စာ Study Assignment များကို ပြီးဆုံးသည်အထိ ကြိုးစားလေ့လာသင့်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင် မလေ့လာနိုင်ပါက အနည်းဆုံး အခြေခံနားလည်မှု ရအောင် လေ့လာခဲ့သင့်ပါသည်။ ထို့မှသာ စနေ၊ တနင်္ဂနွေ Face-to-Face အချိန်များတွင် အခြားသူများနှင့် ပါဝင်ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ မပြီးဆုံးသောအကြောင်းအရာများကို နောက်တစ်ပတ်တွင် အချိန်ပိုပေး၍ လေ့လာနိုင်သော်လည်း စာကြွေးများ စုပုံလာတတ်သောကြောင့် တစ်ပတ် Study Assignment ကို တစ်ပတ် ပြီးဆုံးအောင် လေ့လာသင့်ပါသည်။ Mentor နှင့်  Facilitors များကလဲ အပတ်စဉ် Study Assignment များပုံမှန်လုပ်နိုင်ရန်အတွက် “Time management Tools” များအားအသုံးပြု၍ ပံပိုးကူညီသွားမည်ဖြစ်ပါသည်။
ဤအစီအစဉ်ကို တက်ရောက်ရန် ဘာလိုအပ်ချက်တွေ ရှိသလဲ?
ဤအစီအစဉ်သည် CCIE Exam အတွက် အဓိကထားသောကြောင့် CCNP အောင်မြင်ပြီးသူများ ၊ သို့မဟုတ် CCNP Level သိရှိနားလည်မှု နှင့် အတွေ့အကြုံရှိသူများသာ တက်ရောက်သင့်ပါသည်။ Networking ကိုယခုမှ စတင်လေ့လာသူများနှင့် Junior Engineer များအတွက် BIM မှအခြားအစီအစဉ် များကို နောက်ပိုင်းတွင် စီစဉ်ပေးပါမည်။
ဤအစီအစဉ်သည် ဘယ် CCIE Track အတွက်လဲ?
အခြေခံ အကျဆုံးနှင့် ဈေးကွက်ထဲတွင် တောင်းဆိုချက် အများဆုံးဖြစ်သည့် Routing & Switching Track အတွက်သာဖြစ်ပါသည်။ အခြား Track များကို ဤကဲ့သို့ အစီအစဉ် များပြုလုပ်ပေးနိုင်ရန် နောက်ပိုင်းတွင်ပြင်ဆင်သွားမည်ဖြစ်ပါသည်။
ဤအစီအစဉ်ကို ဘယ်မှာတတ်ရောက်နိုင်ပါသလဲ?
ဤ Program ကို Singapore ရှိ မြန်မာများလွယ်ကူစွာ တက်ရောက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့ အစီအစဉ် များပြုလုပ်ပေးနိုင်ရန် နောက်ပိုင်းတွင် ပြင်ဆင်သွားမည်ဖြစ်ပါသည်။ အချိန်နှင့် နေရာကို သင်တန်းအမှတ်စဉ် အလိုက် ကြေညာသွားပါမည်။
ဤအစီအစဉ်ကို တတ်ရောက်ဖို့ ဘယ်လောက် ကုန်ကျနိုင်သလဲ?
အသေးစိတ် သိရှိလိုပါက ဤနေရာတွင် သို့မဟုတ် Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။




Thank for burmese internetwork mentors
 
ကြိုးစားလေ့လာသင်ယူနေသာ.............

ကိုကိုမင်း

No comments:

Post a Comment