Certified တဲ့ .........Certification များဟာ IT လုပ်ငန်းမှာ အလွန်ပင်အသုံးဝင်ပါတယ်။ ဒါ့ကြောင့်လဲ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဘာမှမသိရင်နေပါစေ Certificate တော့ရအောင်ယူလိုက်အုံးမယ် ဆိုသူတွေများလာပါတယ်။ ထိုသူများကို Paper Certified Engineer များဟု IT လုပ်ငန်းခွင်မှာ ခေါ်ကြသည်။ အချို့သော လုပ်ငန်းရှင် သို့မဟုတ် မန်နေဂျာ များကလည်း Business ကိုသာနားလည်ပြီး Technical ပိုင်းတွင်မကျွမ်းကျင်သောကြောင့် ထိုသူများကို အားကိုးတကြီးဖြင့် အခြားသူများထက် လစာပိုပေးကာ အလုပ်ခန့်တတ်ကြပါတယ်။ အလုပ်ခန့်ပြီးကာမှ ပြဿနာ မျိုးစုံနှင့် ကြုံတွေ့ရပါတော့သည်။
Paper Certified Engineer များသည် မိမိကိုယ် မိမိ ယုံကြည်မှု နည်းတတ်ကျပါတယ်။ Technical ဆွေးနွေးမှူ များထဲတွင်လည်း မပါဝင်တတ်ကြပါ။ မလွှဲရှောင်သာလို့Technical အရ Challenge လုပ်ခံရင်လည်း ခိုင်ခိုင်မာမာရပ်တည်ကာ ငြင်းခုံဆွေးနွေး မှုများမပြုလုပ်နိုင်ကြပါ။ Customer နှင့် Team Member များက Company ကို Complain တတ်သည်များလည်း ဖြစ်တတ်ပါသေးသည်။ အခြားလုပ်ဖော်ကိုင်ဖက်များကလည်း နောက်ကွယ်တွင် မကောင်းပြောဆို အထင်မကြီးကြပါ။ ထိုသူများသည် အလုပ်တွင် နေရာမရတတ်ကျပဲ အချိန်အပိုင်းအခြား တစ်ခုပြီးပါက အများအားဖြင့် Technical အရ Challenge မဖြစ်သော အလုပ်ခွင်သို့ပြောင်းရွှေ့ သွားတတ်ကျပါတယ်။
Paper Certified Engineer များနှင့် ဆန့်ကျင်ဖက်မှာတော့ Real Certified Engineer တွေရှိပါသည်။ ထိုသူများသည် သူရရှိထားသော Certification နှင့်တူညီသော Knowledge နှင့် Skill တို့ကိုပိုင်ဆိုင်ကာ ၊ မိမိကိုယ် မိမိ ယုံကြည်မှု ကောင်းကောင်းရှိတတ်ကြပါသည်။ Technical ဆွေးနွေးမှူ များထဲတွင်လည်း ပါဝင်နိုင်ပြီး Technical အရ Challenge လုပ်ခံရင်လည်း ခိုင်ခိုင်မာမာရပ်တည်ကာ ငြင်းခုံဆွေးနွေး မှုများပြုလုပ်နိုင်ပါသည်။ ထိုအတွက်ကြောင့် Customer နှင့် Team Member များ၏ အထင်ကြီး လေးစားမှုကိုလည်း ခံရပါသည်။ ထိုသူများသည် အလုပ်တွင် Management ၏ အားကိုးမှုကို ခံရပြီး ပိုပြီး Challenge ဖြစ်သော အလုပ်များ ၊ တာဝန်ပိုများသော အလုပ် ရာထူးများပေးအပ်ခြင်း ခံရကာ အလျင်အမြန် တိုးတက် သွားတတ်ကြပါသည်။
သင်ရော.. ဘယ်လို Certified Engineer မျိုးဖြစ်ချင်ပါသလဲ။
Credit to Burmese internetwork mentor
ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်
No comments:
Post a Comment