Pages

Tuesday, April 5, 2016

Email & Website

 

Email

ကိုယ်က ရုံးမှာ IT နဲ့ ပါတ်သက်ရင် အကြီးဆုံးတာဝန်ယူထားတယ်ဆိုပါဆို့။ ရုံးအတွက် Email သုံးဖို့ ပြောလာပြီ။ ဒါဆို Email Server ကိုယ်ပိုင်တည်ဆောက်မလား ။ Hosting ၀ယ်ရင် ပါတဲ့ Hosting Mail တွေသုံးမလား။ Google ကရောင်းတဲ့ Google Mail တွေသုံးမလား။ ဒါမှမဟုတ် Free ရတဲ့ abc@gmail.com ပဲသုံးမလားပေါ့။ ရုံးကလည်း သေးတယ် ငွေလည်းသိပ်အကုန်မခံချင်ဖူးဆိုရင်တော့ gmail.com ပဲသုံးကြတာများပါတယ်.. ။ မဟုတ်ဖူးတော့ မငြင်းနဲ့ Address Card တွေထုတ်ပေးလိုက်ရင် gmail ကြီးနဲ့ ။ Management က ပြောလာပီ gmail မသုံးချင်ဖူး ကိုယ့် Domain နဲ့ Impression ရှိအောင်သုံးချင်တယ်ဆိုရင်တော့ Google Apps ဆိုတဲ့ Google ကရောင်းတဲ့ email ၀ယ်သုံးလို့ရတယ် ။ ဗဟုသုတ အနေနဲ့ ပြောပြရင် လွန်ခဲ့ (၃)နှစ်လောက်ကအထိ Google Apps ကို email Account ၅၀ အထိ ကိုယ်ပိုင် Domain နဲ့ Free သုံးခွင့်ပေးခဲ့တယ်။နောက် (၁)နှစ်လောက်ကြာတော့ email account (၁၀) ခုလောက်အထိပဲ ပေးတော့တယ်။ နောက်ပိုင်း (၁) ခုပဲပေးတော့တယ် ။ အခုတော့ အဲ့ (၁)ခုတောင်မှ မပေးတော့ဖူး ။ အဲ့တော့ ၀ယ်သုံးမယ်ဆိုရင် Email Account တစ်ခုကို USD 50 per year နဲ့ဝယ်သုံးလို့ရတယ်။ ဥပမာပြောပြရရင်… abc@gmail.com ဆိုရင် Commercial အတွက်သုံးရင် Impression သိပ်မရှိဖူးပေါ့။ အဲ့တော့ ကိုယ့် Company Domain နဲ့ abc@companyname.com ပေါ့ အဲ့လိုဆို Impression ရှိတာပေါ့။ ဥပမာပြောတာပါ။ ဘယ်လိုသုံးရလဲဆိုရင် အရင်က mail.companyname.com ပေါ့ အဲ့လိုဝင်သုံးလို့ရတယ်။ အခုနောက်ပိုင်းအဲ့လိုပေးမသုံးတော့ပဲ mail.google.com ပဲဝင်ရတယ် ။ Login Page ရောက်ပြီဆို့ရင်တော့ User Name နေရာမှာ abc@companyname.comအဲ့ဒါကိုရိုက်။ Password ရိုက်ပြီးဝင်လိုက်ရင်ရပြီ။ abc@gmail.com ကိုသုံးတာနဲ့အားလုံးတူတူပဲ။ အဲ့လို Google က၀ယ်သုံးမယ်ဆိုရင်တော့ Administrator ခေါင်းစားသက်သာတာပေါ့။ Email Server ကို Hacking ၀င်မှာမပူရတော့ဖူး ။ Attack တွေလည်းကြောက်စရာမလို။ အင်တာနက်လိုင်း ပျက်မှာလည်း ပူစရာမလို ။ Power ၊ Hardware ၊ Storage စတာတွေ ၀ယ်စရာမလိုဖူးဆိုတော့ ငွေကုန်ကြေးကြလည်း သိပ်မရှိဖူးပေါ့။ အားသာချက်တွေလည်းအများကြီးပေါ့ ။ ဒီမှာ https://www.google.com/work/apps/business/pricing.html တစ်ချက်လောက်လေ့လာကြည့်လိုက်ပါ။   အားနည်းချက်လည်းရှိတာပေါ့။
Email Server ကိုယ်ပိုင်တည်ဆောက်မလား။ ဒါဆို Email Server ထားဖို့ သင့်တော်တဲ့ Data Center ကဘယ်မှာဖြစ်မလဲ ကိုယ့်ရုံးထဲမှာပဲဖြစ်မလား။ ပြည်တွင်းမှာဆိုရင် Yatanarpon Teleport မှာ Colocation ၀ယ်လို့ရတယ်။ ဒါမှမဟုတ် Singapore မှာ Colocation ၀ယ်ပြီးထားမလား။ online ကနေ Virtual Private Server (VPS) ၀ယ်ပြီး email server လုပ်မလား ဒါတွေစဉ်းစားရမယ်။ ကိုယ့်ရုံးထဲမှာပဲဆိုရင်တော့ အရာရာဟာ ကိုယ့် Control ပဲ ကိုယ့်မျက်စိအောက်မှာပဲရှိနေတော့ Physically ၀င်ပြီး Access လုပ်မဲ့ ရန်ကနေတော့ စိတ်ချရသွားတာပေါ့။ ကိုယ့်ရုံးမှာထားရင်တော့ Internet အရေးကြီးတယ်ဗျ ပြီးတော့ DMZ ထဲမှာထားမှရမှာဆိုတော့ Firewall တော့ရှိမှဖြစ်မှာ။ Public IP လိုလာပြီ။ Public IP ကို email server ရဲ့ Ethernet Card မှာတန်းပေးထားလို့မရဖူး Firewall မခံထားရင် အလှူပေးနေသလိုဖြစ်သွားမှာ။ အဲ့တော့ DMZ ထဲမှာထားပြီး Firewall ကနေ ONE TO ONE NATTING လုပ်ပေးရမယ်။ Microsoft Exchange သုံးမယ်ဆိုရင် License ၀ယ်ရမယ်။ RAID တွေလုပ်ထားမှ Data Integrity ရှိမယ်။ Microsoft Exchange ထောင်ရင် Domain Controller (Active Directory) ရှိမှရမယ်။ DC Down သွားရင်လည်း Exchange Server ကအလုပ်မလုပ်တော့ဖူး။ Mail Box တွေကို အပြင်မှာ Server သီးသန့် ခွဲထားမယ် ၊ Client Access Server (CAS) နဲ့ Mail Box နဲ့ Synchronize မဖြစ်ရင်လည်း email သုံးလို့မရဖူး ။ Internet Line ကခဏခဏကြနေရင် ဟိုဘက်က ကိုယ့်ဆီ ပို့တဲ့ Email တွေက ၀င်မလာတော့ပဲ Mail Delivery Fail ဆိုပြီး ဟိုဘက်မှာပြန်ပြနေမယ်ဆိုရင် အရေးကြီးတဲ့ email တစ်စောင်လွတ်သွားရင်ကို အဆင်မပြေဖူး။ ကိုယ့်အပေါ် ယုံကြည်ချက်လျော့သွားမယ်။ ဒါတွေတော့ စဉ်းစားပြီး ပြောပြနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့ ဗျာ ။ လုံးဝ မသိထားတာထက် စာရင်ပေါ့။ အားသာချက်ကတော့ email account တွေကြိုက်သလောက်ဖွင့်လို့ရမယ်။ email quota လည်းအများကြီးပေးထားလို့ရမယ်။ Outlook နဲ့သုံးရတော့ Feature တွေစုံစုံလင်လင်သုံးလို့ရမယ်ပေါ့။ Local Staff တွေအတွက်လည်း Communication အရမ်းအဆင်ပြေမယ်။ Exchange သင်တန်းတက်ရင်တောင် ၂ လ လောက်တက်ရတာဆိုတော့ Exchange နဲ့ပါတ်သက်ပြီး ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။ Hosting Mail ဆိုရင်တော့ ငွေလည်းသက်သာ Feature လည်းစုံအားလုံး ok ပဲပေါ့။ အဲ့ ကိုယ် ၀ယ်ထားထားတဲ့ Hosting Provider က Firewall တွေကောင်းကောင်းမလုပ်ထားဖူး။ Attack တွေခဏခဏထိလို့ ကိုယ့် Email Service ပါခဏခဏ Down နေတယ်ဆိုရင်လည်း သိပ်မကောင်းဖူး။ Hosting ၀ယ်မယ်ဆိုရင်လည်း Host Guitar တို့လို့ နာမည်ကြီးတွေဆီကနေ၀ယ်ပေါ့။ Hosting Mail ကို PC / Laptop တွေမှာ Outlook ကနေ Hosting IP ထည့်ပြီး Direct သုံးလို့ရသလို၊ ကိုယ့် ရုံးမှာ Email Server တစ်ခုပြန်ထိုင် Microsoft Exchange / vPOP3 စသည်ဖြင့်ပေါ့ အဲ့လိုသုံးကြတာများပါတယ်။ Local မှာ Email Server ရှိထားတော့ Bandwidth သက်သာမယ်၊ Email တွေအချိန်မရွေး Access လုပ်လို့ရမယ်။ Local Email Server Down နေလည်း web mail နဲ့သုံးလို့ရမယ်။ အဆင်ပြေလာတာပေါ့။


WEBSITE



             Company အတွက် Website ဆွဲရမယ်ဆိုရင် ကိုယ်က Server & Network Administrator ဆိုရင် Website မဆွဲတတ်လောက်ဖူး။ Web Developer ဆိုတာလည်း သီးသန့် တစ်လိုင်းလုပ်ရတာမဟုတ်လား။ ဒီတော့ ကိုယ်က Website မဆွဲတတ်တဲ့ အကြောင်း Website ဆွဲတာ Web Developer နဲ့ Web Designer တောင် သိပ်တူတာမဟုတ်ဖူး။ အဲ့တော့ ကိုယ် Website မဆွဲတတ်ရင် Management ကို သေသေချာချာရှင်းပြပေါ့။ Business သမားတွေက IT သမားဆိုရင် အကုန်လုပ်တတ်တယ်ထင်နေတတ်ကြတာလေ။ အဲ့ဒါတော့ နားလည်ပေးလိုက်ပေါ့။ ကိုယ်က System Integration (SI) Company မှာဆိုရင်တော့ သိထားစရာသိပ်မလိုဖူးပေါ့။Specialist တစ်ခုကို လုပ်နေလို့ရတယ်လေ။ IT သမားတိုင်း (SI) မှာအလုပ်ရဖို့မလွယ်ဖူးဗျ။ မြန်မာပြည်မှာ အခုချိန်ထိ Business Development အရ Limitation ရှိနေသေးတယ်။ SI Company တွေနဲသေးတယ်ဗျ။ အဲ့ဒီတော့ နီးစပ်ရာ Company တွေမှာ IT Position နဲ့ အလုပ်ဝင်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့သူတွေလည်း အများကြီးရှိလိမ့်ဦးမယ်ဗျ။
Website အကြောင်းဆက်ပြောမယ်ဆိုရင် HTML , CSS လောက်နားလည်းထားတယ်ဆိုရင် ဆွေးနွေးပြောဆိုလို့ရပြီပေါ့။ အခုခေတ်မှာတော့ Static Site တွေမရှိသလောက်ပဲ ၊ Dynamic Site တွေပဲသုံးလာကြတော့တယ်ဗျာ။ ဒီတော့ Web Developing Company တွေကလည်း Drupal , Joomla, WordPress တို့စတာတွေ အသုံးများလာတာပေါ့။ ကျနော်ကြုံခဲ့ဖူးတာတော့ Joomla နဲ့ WordPress တို့ပေါ့။ သူတို့ကပြောလာတဲ့ အခါမှာ ကိုယ်က လည်း လေ့လားထားဖူးရင်တော့ ဆွေးနွေးလို့ရတာပေါ့။
System Administrator တစ်ယောက်အနေနဲ့ လုပ်ပေးရမှာက Web Hosting နဲ့ Website Security ပေါ့။ အဲ့ဒါတွေက Web Developing Company နဲ့ဆွေးနွေးရမှာပေါ့။ Web Hosting ကတော့ ကိုယ့်ရုံးမှာ ထားဖို့ က အဆင်မပြေလောက်ပါဖူး။ အဲ့ဒီတော့ Web Developing Company ကပဲစီစဉ်သွားမှာပါ။ ဒီတော့ Security ပိုင်းလေးပဲဆွေးနွေးရတော့မှာပေါ့။ Online Shopping Company ၊ Travels & Tours ၊ Air Tickets၊ Hotels Booking ၊ စတဲ့ Business တွေမှာတော့ Online Payment တွေပါလာတယ်။ အဲ့ဒါဆို Online Payment တွေလုပ်တဲ့အခါမှာ Hacker တွေက ကြားဖြတ်ယူသွားမှာလား ၊ ဒါဆို ကိုယ် တာဝန်မယူရဲဖူးပဲပြောလိုက်ရမလား။ နဲနဲတော့ တွေဝေသွားမှာပေါ့။
(၂)ပိုင်းပေါ့ဗျာ ။ ကိုယ့် Website ကတစ်ပိုင်း Customer ကနောက်ဆုံးငွေချေမယ်ဆိုရင် ကိုယ့် Company ကဘဏ်မှမဟုတ်တာ အဲ့တော့ သူ့ရဲ့ Credit Card ကို Verify လုပ်ပြီး သက်ဆိုင်ရာ ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ Payment Gateway ကကြားကနေ ငွေဖြတ်ယူပေးမှာပေါ့။ အဲ့တော့ ငွေချေ ဖို့ Payment ကိုနှိပ်လိုက်ပြီဆိုတာနဲ့ Paypal ဆိုလည်း Paypal ပေါ့ ၊ 2C2P ၊ CB Bank ကလည်း သူကိုယ်တိုင် Payment Gateway Service ပေးမယ်ဗျာ။ အဲ့တော့ ငွေချေတဲ့အဆင့်မှာ User က ကိုယ့်ရဲ့ Website ကိုငွေပေးတာမဟုတ်ပဲ၊ သက်ဆိုင်ရာ Payment gateway ကနေပဲ ငွေချေတာဖြစ်လို့ ကိုယ်နဲ့တော့ သိပ်မဆိုင်တော့ဖူးဗျ။ ပြီးတော့ Payment Gateway ဆိုမှတော့ https သုံးထားတယ်ဗျ။ User ဘက်လည်း Awareness ရှိရမှာပေါ့။ အဲ့လောက်တော့ ကိုယ်က ရှင်းပြနိုင်ရင် ကောင်းတာပေါ့ဗျ။
ကိုယ့် website ကို နာမည်ပျက်အောင် Defacement လုပ်ခံရတယ်ဆိုရင်တော့ အရင်ဆုံးပြောဆိုခံရမှာ ရုံးမှာ ရှိတဲ့ IT Manager ပဲပေါ့ ပြီးမှ Web Developing Company ကိုဆက်လာမှာပေါ့။ ကျနော်သိတာလေးပြောပြရရင်ဗျာ WordPress တို့ Joomla တို့မှာ Plug-in မှာ Bug တွေ၇ှိတတ်တယ်။ Plug-in ကို Bash Script လေး Upload တင်ပြီး My SQL ကို Control လုပ်မယ် Admin Password ယူလိုက်မယ် ပြီးရင် Home Page မှာ ဘာညာ လျှောက်ရေးပြီး မကောင်းတဲ့ပုံတွေတင်မယ်ပေါ့ဗျာ။ ဒါကို Deface လုပ်တယ်လို့ခေါ်တယ်ဗျ။ ဒါကို ကာကွယ်ဖို့ ဆိုရင် Web Server က Linux မှာဆိုရင် Linux Permission ပေးထားပြီး ၊ SELinux Permission ပေးထားရင်ပိုလုံခြုံသွားတာပေါ့၊ Windows မှာဆိုလည်း NTFS Permission ပေးလို့ရတာပဲ။ ဒါကျနော်သိသလောက်ပေါ့နော်။ အခြားဖြေရှင်းလို့ရတဲ့ နည်းတွေလည်းရှိမှာပေါ့။






Credit to :network zayarwin










ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်

1 comment:

  1. Thanks for the article! It’s very useful…! http://i4consulting.org/wordpress-website-development-services/

    ReplyDelete