ကဗျာ.... များ

                                              ရန်ကုန်ကို အလစ်မပေးနဲ့............




ရန်ကုန်မှာမင်း
အရိပ်ခိုခဲ့ဖူးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး
အထင်ကရဖြစ်ခဲ့တဲ့အဆောက်အဦကြီးမရှိတော့ဘူး
ငါတို့ ဆော့ကစားခဲ့ ဘောလုံးကွင်းကြီးထဲမှာ
ကွန်ဒိုမှိုပွင့်ကြီးထိုးထွက်လာပြီ.....
လမ်းပေါ်မှာကားတွေကျပ်နေရုံမက.......


ဘုရားပေါ်မှာလည်းဘုရားတွေကျပ်နေတာပဲသူငယ်ချင်း
ရန်ကုန်ကိုအလစ်ပေးလို့မရတော့ဘူး......
ဘယ်သူပေးလို့ဘယ်သူယူမှန်းမသိတဲ့နေရာတွေမှာ
တံတိုင်းအမြင့်ကြီးတွေခတ်လို့ ပွဲတော်ကြီးတွေကျင်းပလို့
လင်းတ ဆွဲတဲ့အသားတုံးလို ရန်ကုန်ဟာ အပိုင်းပိုင်းအတစ်တစ်ပဲ
အသားသည်ရဲ့စဉ့်နီတုံးပေါ်မှာ ရန်ကုန်ဟာထခုန်နေတယ်
လူအချင်းချင်းအမဲလိုက်တာလည်း ရန်ကုန်ပဲ
လူအချင်းချင်း အစာခွံ့တာလည်း ရန်ကုန်ပဲ
ရန်ကုန်ကို အလစ်မပေးနဲ့
မျက်တောင်တစ်ချက်ခတ်လိုက်ရင် မင်းရပ်ကွက်ကို
ခြံစည်းရိုးခတ်သွားမယ် တံတိုင်းပတ်သွားမယ်
ရန်ကုန်ကိုအလစ်မပေးနဲ့
ရန်ကုန်ဟာခဏခဏဆန္ဒပြတယ်
ရန်ကုန်ဟာခဏခဏမီးပျက်တယ်
ရန်ကုန်ကိုဟက်တက်ကွဲနေတဲ့မျက်နှာနဲ့ လက်ပံတောင်းတောင်ရောက်လာတယ်
ရန်ကုန်ကိုအသက်ငင်နေတဲ့ ဧရာဝတီရောက်လာတယ်
ရန်ကုန်ကိုအဓမ္မထိန်းသိမ်းခံရတဲ့ လယ်ယာမြေတွေရောက်လာတယ်
ရန်ကုန်ကိုမငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေးတွေရောက်လာတယ်
လူတွေရဲ့ အပူတွေဟာ ဆူးလေဘုရားဆီ စီးဆင်းသွားတယ်
ရန်ကုန်ဟာမှော်ဆရာရဲ့ ပုဝါလို
တစ်ချက်ခါလိုက်ရင် ချိုးဖြူငှက်တွေထပျံသွားတယ်
တစ်ချက်ခါလိုက်ရင် သွေးစိမ်းရှင်ရှင်ဖြာဆင်းသွားတယ
ရန်ကုန်ဟာခေတ်မီတယ်ဆိုပဲ
ရန်ကုန်ဟာခေတ်ကျော်တယ်ဆိုပဲ
ရန်ကုန်ဟာခေတ်လွန်တယ်ဆိုပဲ
ကြည့်............
ရန်ကုန်ဟာစကပ်အတိုကိုထပ်ဖြတ်ပြီးခွဲထားတော့
ရင်လေးပေမယ့်ငေးမိတယ်။ ။

Credit :  ကိုရွေး









    အချစ် အလွမ်း နဲ့ ကဗျာ 


►► တကယ်ချစ်လာတဲ့အခါ
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။

►► တကယ်လွမ်းလာတဲ့အခါ
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ
ခင်ဗျား .. ကဗျာတွေ ရွတ်နိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ ရေးနိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ တွေးနိုင်သေးရင် ..
ခင်ဗျားချစ်ခြင်း .. ဗားရှင်းမြှင့်ဖို့ လိုလိမ့်မယ် .. ။


(သံစဉ်ဖြူ ဖြူ )











ကျေးလက်ကဗျာ

မတ်မတ် ရပ်ပြီး
ဝန်းကျင်မျက်နှာအနှံ့ ဝင်စားကြည့်တော့
ရုတ်တရက် ထပျံသွားတဲ့ မြေဝပ်ငှက်ငယ်
ပုဆိုးစလွယ်သိုင်းလာတဲ့ ပုလွေသံရယ်
တံလျှပ်တွေနဲ့ ချုပ်စပ်ထားတဲ့
လေးဘက်လေးတန် လွင်ပြင်ကျယ်….

“ဟကောင်ကြီး..မင်း ဝလာပါလားကွ”
“ဟောဗျာ..နို့မင့် ဘကြီးကျတော့ ပွနေလို့လားဗျ”
“လခွီးတဲ့မှ..ခွေးနီရာ..မယောင်ရာ ဆီလူး
ခွေးပူးနေရာ ကန့်လန့်ကာချ.. မင်းလုပ်စရာရှိသာ လုပ်ချေစမ်း”
(နှိုင်းစရာရှားလို့ ဗျာ.. မိုးကေခမ်း ဘာဖြစ်သွား…)
“လုပ်မှာပါ ဘကြီးရာ.. သဟာလေးတစ်ခွန်းသာ
ကျုပ်အစ်ကိုက ဗျစ်ရည်ဝ ဝ၊ ဘကြီးကျ ထွေးညိုပွ ပွ..”
“ဟ..ဒီကောင်မြေလေးသား.. မြေကရားနဲ့ ညားပေးလိုက်ရ…”
“ဟဲ့..အေးသာ၊ နင့်မောင်အတွက် ပဲကြမ်းလေးတစ်တို့နှစ်တို့
မြေပဲဆီရွှဲရွှဲဆမ်းပြီး ယူခဲ့စမ်း.. သုတ်သုတ်ဟ..”
“ရောက်တုန်းပေါက်တုန်း ဖြေးဖြေးပေါ့ “မိုးပုလဲ”ရာ..
ငါတို့ ရပ်ကျေးတောခြေမှာတော့ သဟာအတိုင်း သာတောင့်သာယာပါ့..”

အရင်ကလိုပဲ
ရှူရှိုက်မိလိုက်တိုင်း လတ်ဆတ်ဆဲ
အမေ့ဆီကရတဲ့ ချွေးခံအင်္ကျီရနံ့ရယ်
တောင်ပြန်လေမိုးတစွတ်မှာ လွင့်ပျံ့လာတဲ့ မြေသင်းနံ့ရယ်
နွားပြာချိုကုပ်ကြီးရဲ့ အီအီပျို့ပျို့ညှီစို့စို့ရနံ့ရယ်
ရိုးပြတ်တောင်ယာကို ဖြတ်ပြေးလာတဲ့ လေပြည်ရနံ့နွေးရယ်
သဘာဝရဲ့ ဖွဲ့နွဲ့ခြင်းမှာ မြင့်မြတ်ခမ်းနားဆဲ
အရင်ကလိုပါပဲ….


 (Kzawin)



``အဖေ ပြောတဲ့ ပန်းပျိုးလက်``

အဖေက ပြောတယ်...
"ဟိုးအဝေးးက တောင်တန်းးကြီးက ဘာအရောင်လဲသမီးး
အပြာရောင်ပါ အဖေ.
သေချာကြည့်ပါ သမီးရဲ့ အစိမ်းရောင်ပါ.
အကွာအဝေးကြောင့် အမြင်ပြောင်းလဲတတ်တယ်လေ"...။။။။။။။။။။-



"ဟိုးနားးက ၀ါးပင်ရဲ့ ၀ါးရွက်ကြွေကရော သမီးး
အ၀ါရောင်ပါ အဖေ.
တချိန်ကတော့ သူလဲအစိမ်းရောင်ပဲသမီးး
ကာလရွှေ့လျားမှုအောက်မှာ အသိဟာ ပြောင်းလဲနိုင်တယ်လေ."...။


"ဒီစပါးခင်းကြီးကကော ဘာအရောင်လဲသမီးး
အစိမ်းရောင်ပါ အဖေ...
နောင်တချိန်မှာတော့ သူလဲ အ၀ါရောင်ဖြစ်လာလိမ့်မယ် အဖေ.
(ကျမစကားကို အဖေက ပြုံးးပြီးးနားထောင်တယ်)
အေးး.....ဟုတ်တယ်သမီးး ဘယ်အချိန်လဲဆိုတော့
ရင့်မှည့်တဲ့အချိန်ပေါ့ သမီးလေးရယ်"...။။။။။။။။




"ဒီနားမှာ လေစိမ်းတွေတိုက်နေတယ် အိမ်ပြန်စို့သမီးး
လေမှာ အရောင်မရှိပါဘူးအဖေရယ်
(အဖေ့ကို ဆရာလုပ်မိတဲ့ကျမစကားး)
အတွေးစိတ်ကူးထဲက အရောင်ဟာ ခံစားမှုကြောင့်
သူ့အလိုလိုဖြစ်ပေါ်လာလိမ့်မယ် သမီးးလေးးး"...။။။။။



"ဘ၀ ဆိုတာကို လွယ်လွယ်လေးးလို့ ဘယ်တော့မှမတွေးနဲ့သမီးးး
မနက်ဖြန်ဘာဖြစ်မလဲ ထိုင်စောင့်နေတာထက် ..
ဒီနေ့မှာ မနက်ဖြန်ဘာလုပ်မလဲ ကြိုတင်ပြင်ဆင်ထားတာဟာ
အဖိုးထိုက်တန်တဲ့ လူသားကောင်းတစ်ယောက်ရဲ့ အလုပ်ပဲ သမီးး"...။။။။။


"သမီးလေးး ငြီးငွေ့လာတဲ့အခါ ပြတင်းပေါက်ကနေ

အပြင်လောက ကို ကြည့်လိုက်သမီးးးးး

ဆိုက်ကားးသမားးတစ်ယောက်ရဲ့ ခြေသလုံးကြွက်သားးမှာ

မိသားစု ပါးစပ်ပေါက်တွေအတွက် ရေသောက်မြစ်တွေနဲ့......


မုဆိုးမတစ်ယောက်ရဲ့ အကြော်ကြော်နေတဲ့တုတ်တံမှာ

မိဘမေတ္တာအတွက် ဆင်စီးးမြင်းးရံ အနာဂတ်အိပ်မက်တွေနဲ့

အပြုံးး........မျက်ရည်ဒွန်တွဲ
ို့

လောကဓံကို စီးချင်းးထိုးးခဲ့တဲ့

မြင့်မြတ်တဲ့ နှလုံးသားးးပိုင်ရှင်တွေရဲ့ ဘ၀ကို


အစီအရီ မြင်တွေ့ရလိမ့်မယ် သမီးးလေးးးးးး "...။။။။။။။။။။။။။။။။။။

"ပညာတတ်ခြင်းးး ....ပညာမတတ်ခြင်းထက်

လူသားးဆန်ဆန် မေတ္တာဟုန်ကြွယ်ဝစွာနဲ့

ဘ၀ကိုရုန်းကန်နေရှာပြီး..အဖြည့်ခံအဖြစ်ပေးဆပ်နေတဲ့

ပန်းပျိုးလက်တွေကို အတုယူပါ သမီးငယ်လေးး....


နောင်အနာဂတ်မှာ.

အဖေ့သမီးလေးးဟာ

လူသားးပီပီသသ.....သမီးကောင်းး
တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက်

ပညာကို အရင်းပြုပြီးး ဘ၀အားမာန်ကိုရွက်လွှင့်တဲ့အခါ

ဘယ်သောအခါမှ..


ပန်းးချိုးးတဲ့လက် မဖြစ်ပါစေနဲ့ အဖေ ဆုတောင်းးမိပါတယ်သမီးးလေးးရယ် "...။။။

                                          ✿♥✿မေဖြူ✿♥✿
                                                                 (ကျေးဇူးရှင် ဖေဖေ့ကို ထာဝရ ဦးခိုက်လျှက်)















 ကဗျာရှင်များအားလုံးကို Credit    ပေး ကျေးဇူးတင်ပါသည်။











No comments:

Post a Comment