### နေပူဒဏ်ခံနိင်ရေး ကာကွယ်ကြဖို့လို......... ###
နွေရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် နေပူထဲ သွားလာသည့် အခါ UV ဒဏ်ကို
အနည်းနဲ့ အများ ခံစားကြရပါတယ်။ ၄င်း UV လှိုင်းများသည် အသားအရည်ကို
ဘေးဥပါဒ်ဖြစ်စေပြီး ပျက်စီးယို ယွင်းစေ ပါတယ်။ သင့်အသားအရည်ကို ကာကွယ်ရင်း
နွေရာသီကို ဘယ်လိုဖြတ်သန်း ရမယ်ဆိုတဲ့ အချက်လေးတွေ ကတော့ အောက်ပါ
အတိုင်းဖြစ်ပါတယ်။
၁။ နေပူထဲကို ဘယ်အချိန်မှာပဲ သွားသွား ချည်သား လက်ရှည်လေး နဲ့ နေရောင်ကာ
ဦးထုပ် အဝိုင်း ကားကားလေးတွေကို ဆောင်းပြီး သွားရပါမယ်။
၂။ နေရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်နိုင် မယ့် နေကာ မျက်မှန် အရောင်
ရင့်ရင့် များကို တပ်ဆင်ပါ။ ၄င်းမျက်မှန်သည် UVA နှင့် UVB ကိုပါ
ကာကွယ်နိုင် ရပါမည်။ ထိုကဲ့သို့သော မျက်မှန်ဖြစ်မှသာ
ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိ ထိခိုက်ပျက်စီးမှုကို ကာကွယ်
တားဆီးနိုင်မှာ ဖြစ်ပါတယ်။
၃။ မျက်နှာနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း များကို နေလောင်ကာ ခရင်မ် မသုံးဘဲ
ဘယ်သော အခါမှ အပြင် မထွက်ပါနဲ့။
SPF မြင့်လေ ပိုကောင်းလေဖြစ်ပြီး အနိမ့်ဆုံး SPF အဆင့်မှာ SPF 15 ဖြစ်ပြီး
ထို့မှသာ နေလောင်ဒဏ် ကို ကာ ကွယ်နိုင်မှာ ဖြစ်ပါသည်။ ရေချိုး၊ ရေစိမ်
လုပ်တဲ့ အခါတိုင်းမှာ ရေကို သူ့ အလို အလျောက် သာ ခြောက် သွားအောင် ထားပါ။
၎။ တစ်နေ့တာလုံး ရေများများသောက်ပေးရမည် ဖြစ်ပြီး အနည်းဆုံး ရေ ၇ခွက်မှ
၈ခွက် သောက်ရမည်ဖြစ်ကာ တစ်နေ့စာ အတွက် စုစုပေါင်း ၂လီတာခန့်
သောက်သုံးရပါမည်။
၅။ အကယ်၍ သင့် အနေဖြင့် နေလောင်ဒဏ် ခံခဲ့ရပါက ချက်ချင်းပင် အေးမြသော
နေလောင်ဒဏ် သက်သာစေ သည့် After-Sun Loction များကို လိမ်းပေးပါ။
၆။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း ပျို့ အန်ခြင်း၊ ကြွက်သား
များနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ အစား အသောက်ပျက်ခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်းနှင့် ကိုယ်ပူ ကြီးခြင်း တို့ ဖြစ်ပွား ပါကလည်း
ဆရာဝန်ထံသို့ သွားရောက်ပြသရမည် ဖြစ်ပါသည်။
ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်
No comments:
Post a Comment