Tuesday, April 7, 2015

အတာကူးတဲ့ နစ်ကူးသင်္ကြန် 2015

 အတာ လို့ခေါ်တဲ့ တန်ခူးလဟာ မြန်မာတို့ရဲ၊ ပြက္ခဒိန် ၁၂ လ မှာ ပထမ ဦးဆုံးလဖြစ်ပါတယ် ၊ နှစ်ဟောင်းကုန် နှစ် သစ်ကူးတဲ့ အတွက် တန်ခူးလ လို့ခေါ် ပါတယ် ၊ အတာ သို့ မဟုတ် တန်ခူးဆိုတာကူးပြောင်း ခြင်းလို့အဓိပ္ပါယ်ရပါတယ် ။
 


 တန်ခူးလ ဟာ ...........
ရာသီအရ မိတ္တ ရာသီ ဖြစ်ပြီး ကောင်းကင်မှာ စိတ္တရကြယ်ထွန်းလင်း တောက်ပ ပါတယ် ။ တန်းခူးလ မှာ ပွင့်တဲ့ရာသီပန်းကတော့ ပိတောက်ပန်းပါဘဲ ပိတောက်ပန်းဟာသင်္ကြန်ရဲ့အ ထိမ်းအမှတ်ပန်းပါ ပဲ ၊ ပိတောက် ဟာ တနှစ်မှ တခါသာ ပွင့်တဲ့ပန်းဖြစ်လို့  ကုန်ဘောင်ခေတ်စာဆိုတော်ကြီး ဦးကြော့ပိတောက်ပန်းကို တနှစ်တွင် ဒီတလ တလတွင် တရက်ထဲ ပွင့်တဲ့ပန်းလို့ ပိတောက် ပန်းဘွဲ့ ကဗျာမှာအမွှန်းတင် စပ်ဆိုထားပါတယ် ၊ တန်ခူးလမှာ ဆင်နွဲကြတဲ့ ပွဲတော်ကတော့ အတာကူးတဲ့သင်္ကြန်ပွဲ ဖြစ်ပါတယ်
မြန်မာ့တို့ရဲ့ဓလေ့ထုံးစံအရ တန်ခူးလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်သို့ မပါရအောင် ဆေးကြောပေးတဲ့အနေနဲ့ တဦးကိုတဦးအမွေးနံ့သာတို့နဲ့ပတ်ဖြန်း ပြီး စင်ကျယ်သေပါတယ် ၊ နှစ်သစ်မှာအောင် အောင်မြင်ခြင်းအဖြာဖြာနဲ့ ဆင်နွဲစေ ဘို့ရည် ရွယ်ပြီး အောင်သပြေခက်ကလေးများနဲ့ ပက်ဖြန်းတက်ကြပါတယ် အလွန်ချစ်စရာကောင်းတဲ့မြန်မာရိုးရာဓလေ့ကလေး များဖြစ် ပါတယ် ၊တန်ခူးလ သကြန်ပွဲနဲ့လိုက်ဖက်ဆုံးအစားအစာကတော့ မုန့်လုံးရေပေါ်ဖြစ်ပါတယ် ၊ ကောက်ညှင်းဆန်နဲ့ ဆန်ရောကြိတ် ထားတဲ့ မုန့် နှစ်ထဲမှာထန်းညက်ခဲကလေးများထဲ့ပြီး ပြုပ်ထားတဲ့ မုန့် လုံးရေပေါ်ကို အုန်းသီးနိုင်း ခြင်းနဲ့ ရေစိုနေတုန်းစား လိုက်ရ တဲ့အရသာဟာ တသက်မမေ့ နိုင်တဲ့သက်ြန်အစားအစာပါဘဲ။

သက်ကြီးရွယ်အိုများကိုလဲ ရေချိုးပေးခြင်း ခေါင်းလျှော်ပေးခြင်း ၊ တို့ကိုလဲပြု လုပ်ခြင်းဖြင့်ကုသိုလ်ယူကြပါ သေးတယ် ၊

မြန်မာများရဲ့နေအိမ်တွေမှာတော့ ဘုရားများ ရေသပ္ပာယ်ခြင်း အဝတ်အစား ဟောင်းများကိုလျော်ဖွတ်ပြီးအိမ်တွင်းသန့်ရှင်းမှုများပြုလုပ်ခြင်း တိရိစ္ဆာန်များဘေးမဲ့လွှတ်ခြင်း တို့ ကို ပြုလုပ်ခြင်းဖြင့် နှစ်သစ်ကိုကြိုဆိုကြပါ တယ် တန်ခူးမှာ ရေပတ်က စားကြတဲ့ ဓလေ့ကို ဘယ်တုန်းစတင်လုပ်ဆောင်လာခဲ့ကြ သလဲဆိုတာကိုတော့ အတိ အကျဖေါ်ပြဘို့ခက်ခဲပေမဲ့ ၊ ပုဂံခောတ် နရသီဟ ပတေ့မင်းလက်ထက် ကအဖြစ်အပျက်ကလေးအ၇တော့ ပုဂံခောတ်မှာလဲရေပက်ကစားခဲ့ကြတယ်ဆိုတာသိနိုင်ပါ တယ် ၊
နရသီဟပတေမင်းဟာ အလွန်လဲကျီစားသန်တဲ့အတွက် သူအချစ်ဆုံမိဘုရားကလေး စောလုံကို ရေတွေ ရေတွေမွန်းအောင်
ပက်ခိုင်းပြီး စခဲ့တယ် ၊ အင်မတန်အရှက်ကြိး တဲ့ မိဘုရားစောလုံက ရှက်လွန်လို့ ဘုရင်ကြီး ကို ရန်ညိုးထားပြီး စားတော်ပွဲမှာအ ဆိပ်ခပ်ခဲ့တယ် ၊ ဒါကိုန&သီဟပတေ့ ဘုရင်သိသွာေးတာ့ မိဘုရားစောလုံကို ကွက်မျက်ခဲ့တဲ့ သမိုင်းကြောင်းအဖြစ်ကလေးက ပုဂံခောတ်ရဲ့ သက်ြန်အကြောင်းကိုမှတ်တမ်းတင်ရစ် သလို သက်ြန်တွင်းမှာ ရေပတ်ကစားရာက အကျိစားသန်ရင်လဲ ရန်ဖြစ်တက် တယ်ဆိုတာ ကိုလဲ သင်ခဏ်းစာယူဘို့ ဖြစ်ပါတယ် ၊
နှစ်သစ်ကူးသကြန်ပွဲတော်ကို မြန်မာနိုင်ငံနည်းတူ အရှေ့တောင်အာရှ နိုင်ငံတွေ မှာလဲ ဆင်နွဲကြတာတွေရပါတယ် ။ ထိုင်း၊ ကမ္ဘော ဒီးယား ၊ လာအို ၊ အိန္ဒိယ စတဲ့ နိုင်ငံတို့ မှာလဲ သက်ြန်ပွဲဆင်နွဲတာတွေ့ ရပါတယ် ၊သက်ြန်နဲ့ပတ်သက်ပြီး မြန်မာ နဲ့ ဟိန္ဒူ ဖက်စပ် ဒဏ္ဍာရီလေးတခုကလဲါခုတိုင်လူတွေအယူရှိနေကြတာကိုကြည့်ရင်ဒဏ္ဍာရီလား ပုံပြင်လားလို့ဆိုရမလိုပါဘဲ ၊ အခုလို တန်းခူးလမှာ ပိဿနိုးနတ်မင်းကြီးနဲ့ ဗြဟ္မာကြိးတို့ နှစ်နှစ်ဦး ခေါင်းဖြတ် တမ်းအလောင်းအစားလုပ်ခဲ့ကြတယ် ၊

ပိဿနိုးနတ်မင်းကြီးကရှုံးလို့ခေါင်းဖြတ်ခံခဲ့ရတယ်ပိဿနိးနတ်မင်းကြီးရဲ့ဉိးခေါင်းဟာ အလွန်ပူလို့ ရေထဲပစ်ရင်လဲ ပင်လယ်ရေတွေ ခမ်းကုန်မယကုန်း ပေါ်ပစ်ချရင်လဲ ကမ္ဘာကြီးမီးလောင်နိင်တယ် ၊ ဒါကြောင့် ပိဿနိုးနတ်မင်းကြီးရဲ့သမီး ခုနှစ်ယောက်က တနှစ်ဆီ ကိုင်ထားကြရ
သတဲ့ ၊ အင်မတန်ပူတဲ့ ဗြဟ္မာကြီးရဲ့ဉီးခေါင်းကို ကိုင်ထားရတဲ့ နတ်သမိးက တနဂ်နွေနေ့ သမီးဖြစ်ရင် ၊ ဒီနှစ်အဘို့ 
တနင်္ဂနွေ သားသီများ ပူလောင်မယ်ပေါ့ ၊ သက်ြန်အတက်နေ့ ကျရောက်တဲ့နေ့ ဟာ ဗြဟ္မာကြီးဥိးခေါင်းကိုင်၇မဲ့ နတ် သမီးရဲ့ အလှည့် ဘဲ ၊ အဒါကို တာစားတယ်လို့ ခေါ်ပါတယ် ၊ ဒဏ္ဍာရီဖြစ်ပေမဲ့ ဒီနေ့ မြန်မာတချို့ကတော့ ယုံကြည်ကြတော့ တာစားတဲ့ နေ့ နံသားသမီးဟာ ဒီနှစ်မှာ ပူလောင်မယ် ၊ ကုသိုလ်များများလုပ်ဘို့  ၊ အရာရာကိုဆင်ခြင်ဘို့မိဘများက ညွှန်ကြားကြပါတယ် ၊
အင်းဘာဘဲ ဖြစ်ဖြစ် ဘယ်သူမဆို အတာ သက်ြန်တွင်းမှာ ကော အတာလွန် လို့ တနှစ်လုံးမှာကော ကုသိုလ် များများ လုပ်ကြတာအကောင်းဆုံးပါဘဲ ၊

ဒီနှစ် သက်ြန် ပွဲမှာ ရေလိုအေးပြီးပန်းလိုလန်းကြပါလေို့ဆုတောင်း ရင်း နဲ့ သက်ြန်ကိုကြိုဆိုနှုတ်ဆက်လိုက်ပါတယ် ။














ကျွန်တော့်ရဲ့ဘလော့လေးကိုလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်

No comments:

Post a Comment